မောင့်သဘောပါ

ဆရာမ ဒေါ်မြတ်မေကျောင်းမှ နေ့တပိုင်းခွင့် ယူပီး ထွက်လာခဲ့တယ် ။ ကျောင်းဆွဲခြင်းတောင်းလေး လက်တဘက်က ဆွဲရင်း တက္ကစီ တစ်စီး တားလိုက်ပီး ကားပေါ်တက်လိုက်တယ် “ဘုရင့်နောင် ကုန်းကျော်တံတား အလွန်နားလေးက — ဟော်တယ် ကို မောင်းပေးပါ ´´ “ဟုတ်ကဲ့ ဆရာမ ´´ တက္ကစီ သမား လည်း ကားကို ကျွမ်းကျင်စွာ မောင်းထွက်လိုက်တယ် ။ အော် .. ပိတ်လိုက်တဲ့ လမ်းတွေ သမိုင်းကနေ ဘုရင့်နောင် ကို တစ်နာရီကျော် မောင်းလိုက်ရတယ် ။

ဆရာမ ဒော်မြတ်မေစိတ်လော နေလို့လားတော့မသိ အရမ်းကြာသလို ထင်မိတယ် ။ –ဟော်တယ် နားရောက်တော့ တက္ကစီ သမား ကို ပိုက်ဆံရှင်းပီး ဟော်တယ်ထဲ ဝင်လာလိုက်တယ် ။ ဟော်တယ် ရီစပ်ရှင်မှာ ကောင်မလေး တစ်ယောက်ကို မေးလိုက်တယ် “အခန်းနံပါတ် ၂၀၃ က ဧည့်သည် နဲ့ တွေ့ချင်လို့ပါ ညီမလေး ´´ “အော် ဟုတ်ကဲ့ဆရာမ ဒုတိယထပ် က ညာဘက် နှစ်ခန်းမြောက်ပါ ဆရာမ အခန်းကိုသွားမလား ဧည့်ခန်းမှာ တွေ့ချင်လား ဆရာမ ခေါ်ပေးရမလား ´´ “ရတယ် ညီမလေး အဆင်ပြေရင် အခန်းကို ပဲ သွားလိုက်မယ်လေ ဖြစ်တယ် မလား ´´

“ဟုတ်ကဲ့ဆရာမ ´´ ကျောင်းစိမ်း ဝတ်စုံ နဲ့ ဆိုတော့ ရီစရှင်က ဝန်ထမ်းကောင်မလေး ကလည်း ရိုရိုသေသေ ပါပဲ ။ တော်ရုံလူဆို ဧည့်သည် တွေ့ရင် အခန်းထဲ တွေ့ခွင့်မပေး ။ မိန်းကလေး ဆို ပိုဆိုးတယ် အခုက ကျောင်းစိမ်း ဝတ်လာတဲ့ ဆရာမဆိုတော့ ခွင့်ပြုလိုက်တယ် ။ ဆရာမ ဒေါ်မြတ်မေ အပေါ်ထပ်ကို တက်လာပီး ညာဘက် ကွေ့ကွေ့ ဝင်လိုက်ချင်းပဲ အခန်းနံပါတ် ၂၀၃ ကိုတွေ့လိုက်တယ် ။

အခန်း၀ နားမှာ ရပ်နေရင်း ဘေးဘီ ကို မျက်လုံးကစားလိုက်တယ် ။ လူသူတစ်ယောက်မှ မတွေ့ ။ အခန်းတံခါး ကိုခေါက်ဘို့ လုပ်လိုက်ရင်း ကိုယ့်ကိုကိုယ် တွေးမိလိုက်တယ် ။ ရင်တွေလည်း အရမ်းခုန်နေတယ် ။

ဆက်ဖတ်ရန်နှိပ်ပါ👇👇👇

Leave a Reply

Your email address will not be published. Required fields are marked *